ယောရှုမှတ်စာ 19:1
ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
2သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရ ရှေဘမြို့၊ မောလဒါမြို့၊
Cross References
Genesis 49:5ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
Joshua 15:21ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရ မြို့၊ ယာဂုရမြို့၊
Joshua 19:9ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။
Ezekiel 48:24ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည်။