ယောရှုမှတ်စာ 2:4
ရာခပ်သည် ထိုသူ နှစ် ယောက်တို့ကို ဝှက် ထားနှင့်ပြီးမှ ကျွန်မ ဆီ သို့ လူ ရောက် သည် မှန် ပါ၏။ သို့ရာတွင် အဘယ် အရပ်က လာသည်ကို မ သိ ပါ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 6:17မြို့ နှင့်တကွ မြို့ ၌ ရှိသမျှ တို့ကို ကျိန် ၍ ထာဝရဘုရား ၌ အပ်ရမည်။ သို့ရာတွင်ပြည်တန်ဆာ ရာခပ် သည် ငါတို့စေလွှတ် သော တမန် တို့ကို ဝှက် ထားသောကြောင့် ၊ သူ နှင့်တကွ သူ ၏အိမ် ၌ ရှိသမျှ တို့အား အသက် ချမ်းသာပေးရမည်။
2 Samuel 16:18ဟုရှဲ က၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရား မှစ၍ဤ လူ များနှင့် ဣသရေလ လူ များအပေါင်း တို့သည် ရွေးချယ် သော သူထံမှာကျွန်တော်ကျွန်ခံ ပါမည်။ ထိုသူ ထံမှာ နေ ပါမည်ဟူ၍၎င်း၊
2 Samuel 17:20အဗရှလုံ ၏ ကျွန် တို့သည်ထိုအိမ် သို့ ရောက် ၍ အဟိမတ် နှင့် ယောနသန် တို့သည် အဘယ်မှာ ရှိသနည်းဟု မိန်းမ အား မေး လျှင် ၊ မိန်းမ က၊ ချောင်း တဘက်သို့ ကူး ကြပြီဟု ပြော သဖြင့် သူတို့သည် ရှာ ၍ မ တွေ့ သောအခါ ယေရုရှလင် မြို့သို့ပြန် သွားကြ၏။