The Bible Software
bible.software › ယောရှုမှတ်စာ › ယောရှုမှတ်စာ 22 › ယောရှုမှတ်စာ 22:23

ယောရှုမှတ်စာ 22:23

ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာကို ပူဇော်မည်အကြံ ရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ် ကြောတော်မူပါစေ။

1835 Judson Burmese Bible

In The King James Version

That we have built us an altar to turn from following the LORD, or if to offer thereon burnt offering or meat offering, or if to offer peace offerings thereon, let the LORD himself require it;

In Context

22မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။

24နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင် ကြသနည်း။

Read all of ယောရှုမှတ်စာ 22

Cross References

Deuteronomy 12:11နာမတော်ကို တည်စေဘို့ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ထာဝရဘုရား အား ဂတိရှိသည်အတိုင်း၊ မြတ်သော ပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည်။

1 Samuel 20:16သစ္စာပျက်လျှင် ဒါဝိဒ်၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၎င်း၊

Psalms 10:13မတရားသောသူသည် ဘုရားသခင်ကို အဘယ် ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။

Ezekiel 33:6သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေး ရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက် ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယောရှုမှတ်စာ 22:23

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယောရှုမှတ်စာ 22:22ယောရှုမှတ်စာ 22ယောရှုမှတ်စာ 22:24 →