ယောရှုမှတ်စာ 22:25
ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား၌ ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ။ သင်တို့ သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 26:19ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်တော်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင်၊ ထာဝရဘုရား ရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏ အမွေတော်မြေ၌ မနေစေခြင်းငှါ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။
1 Kings 12:16ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသ ရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။
1 Kings 14:16ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏။
Ezra 4:2ဇေရုဗဗေလနှင့် အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊ ငါတို့သည် သင်တို့ထံ၌ တည်းခိုပါရစေ။ သင်တို့၏ ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်း ရှာကြ၏။ ငါတို့ကို ဤပြည်သို့ဆောင်ခဲ့သော အာရှုရိရှင်ဘုရင် ဧသရဟဒ္ဒုန်လက်ထက်မှ၍ ထိုဘုရားသခင်အား ယဇ် ပူဇော်ကြသည်ဟု ဆိုကြသော်၊
Psalms 16:5ထာဝရဘုရားသည် ငါအမွေခံရာအဘို့၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။