The Bible Software
bible.software › ယောရှုမှတ်စာ › ယောရှုမှတ်စာ 22 › ယောရှုမှတ်စာ 22:29

ယောရှုမှတ်စာ 22:29

တဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင် ထာဝရ ဘုရား၏ ယဇ်ပုလ္လင်တော်မှတပါး အခြားသောယဇ်ပုလ္လင် ကို တည်၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ် ပူဇော်သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားကို ပုန်ကန်၍ နောက်တော်သို့မလိုက် လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ၏။

1835 Judson Burmese Bible

In The King James Version

God forbid that we should rebel against the LORD, and turn this day from following the LORD, to build an altar for burnt offerings, for meat offerings, or for sacrifices, beside the altar of the LORD our God that is before his tabernacle.

In Context

28နောင်ကာလ၌ သူတို့သည် ငါတို့နှင့် ငါတို့သား မြေးတို့အား ထိုသို့ပြောဆိုလျှင်၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှါမဟုတ်၊ ငါတို့နှင့်သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ပုံကို ကြည့်ကြ လော့ဟု ပြန်ပြောစရာအကြောင်း ရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။

30ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလအမျိုး၌ လူတထောင်စီအုပ်သော အကဲအမှူး များတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့ ပြောသောစကားကို ကြားရသောအခါ အားရကြ၏။

Read all of ယောရှုမှတ်စာ 22

Cross References

Genesis 44:7ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သော အမှုဝေးပါ စေသတည်း။

Deuteronomy 12:11နာမတော်ကို တည်စေဘို့ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ထာဝရဘုရား အား ဂတိရှိသည်အတိုင်း၊ မြတ်သော ပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည်။

Deuteronomy 12:14သင်တို့အမျိုးတမျိုးတွင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌ မီးရှို့ရာယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။

Joshua 22:26သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကို တည်ခြင်းငှါ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ၊ မီးရှို့ရာယဇ်အစရှိ သော ယဇ်မျိုးကို ပူဇော်မည်အကြံရှိသည်မဟုတ်။

1 Samuel 12:23ငါမူကား သင်တို့အဘို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။

2 Kings 18:22သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကိုကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ယေရုရှလင်မြို့မှာ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကိုမှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မဟုတ်လော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယောရှုမှတ်စာ 22:29

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယောရှုမှတ်စာ 22:28ယောရှုမှတ်စာ 22ယောရှုမှတ်စာ 22:30 →