ယောရှုမှတ်စာ 22:4
ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက် ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့၎င်း၊ ယော်ဒန်မြစ်တဘက်၌ ထာဝရ ဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သော မြေသို့၎င်း သွားကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 32:33ထိုအခါ မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက်၌ အပ်ပေးလေ၏။
Deuteronomy 3:20သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှငါပေးနှင့်သည်အ တိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အား ငါမှာထား၏။
Deuteronomy 29:8သူတို့ပြည်ကို သိမ်းယူပြီးမှ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်၌ ပေးလေ၏။
Joshua 13:8ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ၏။
Joshua 21:43ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ ၍ နေရာကျကြ၏။
1 Chronicles 22:18သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်မဟုတ်လော။ အရပ်ရပ်၌ ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူသည်မဟုတ်လော။ ပြည်သူပြည်သားတို့ကို ငါ့လက်၌အပ်တော်မူသဖြင့်၊ ထာဝရဘုရား၏ရှေ့၊ ထိုဘုရားသခင်၏ လူတို့ရှေ့မှာ တပြည်လုံးသည် နှိမ့်ချလျက်ရှိ၏။