ယောရှုမှတ်စာ 22:9
ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူ သည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့ သွား ခြင်းငှါ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည်၊ ရှိလော မြို့မှ ထွက်သွားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 32:20မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင်၎င်း၊
Numbers 32:26ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။
Numbers 32:39မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
Deuteronomy 3:18ထိုအခါ ငါက၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် ဤမြေကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သော သူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုး သားတို့ရှေ့မှာ ကူးသွားရကြမည်။
Deuteronomy 34:1ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှ သွား၍ ယေရိခေါမြို့တဘက်၊ နေဗောတောင်၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင် အောင်၊ ဂိလဒ်ပြည် တရှောက်လုံး၊
Joshua 13:25ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည် တဝက်၊