ယောရှုမှတ်စာ 6:1
ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေ ရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက် ရှိ၍၊ ထွက် သောသူ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ၊
1835 Judson Burmese Bible
In The King James Version
Now Jericho was straitly shut up because of the children of Israel: none went out, and none came in.
In Context
Cross References
Joshua 2:7မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။
Joshua 2:24အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှုအား လျှောက်ဆို၏။
Joshua 18:21ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအ လိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသော ဂလမြို့၊ ဧမက္ကေဇဇ်မြို့၊
2 Kings 2:4ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏။
Psalms 127:1ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။