ယောရှုမှတ်စာ 6:23
တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ် နှင့်သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက် ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 12:2ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။
Genesis 19:29ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသောမြို့ တို့ကို ဖျက်ဆီးသောအခါ အာဗြံဟံကို အောက်မေ့တော် မူ၏။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ မောက်လှဲထဲကလောတကို လွှတ်လိုက်တော်မူ၏။
Numbers 31:19သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို၎င်း၊ သိမ်းယူသော သူတို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေ ကြလော့။
Joshua 2:18ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခု လျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ်၌ ခေါ်ထားရမည်။
Acts 10:28ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းတော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ် ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။
1 Corinthians 5:12ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော။