ယောရှုမှတ်စာ 8:2
ယေရိခေါ မြို့နှင့် မင်းကြီး အား ပြု သကဲ့သို့ အာဣ မြို့နှင့် မင်းကြီး အား ပြု ရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန် များကို ကိုယ် အဘို့ သိမ်း ရမည်။ မြို့ နောက် မှာ ကင်းတပ်ကို ထား ရမည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 3:2ထာဝရဘုရား ကလည်း ၊ သူ့ ကိုမ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏ လူ အပေါင်း တို့ကို၎င်း ၊ သူ့ မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ် ပေးမည်။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ဤ မင်းကိုလည်း ပြု ရ မည်ဟု ငါ့ အား မိန့် တော်မူ၏။
Joshua 6:21မြို့ ထဲ ၌ရှိသမျှ သော ယောက်ျား ၊ မိန်းမ ၊ အကြီး အငယ် ၊ သိုး ၊ နွား ၊ မြည်း ရှိသမျှတို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ကြ၏။
Joshua 8:9ယောရှု စေလွှတ် သည်အတိုင်း ၊ ထိုသူတို့သည် ကင်း ထိုးခြင်းငှါ သွား ၍ ၊ ဗေသလ မြို့နှင့် အာဣ မြို့ စပ်ကြား တွင် အာဣ မြို့ အနောက် ဘက်မှာ နေ ကြ၏။ ယောရှု သည် ထို ညဉ့် တွင် လူ များထဲ မှာ နေသေး၏။
Joshua 8:14ထိုအခြင်းအရာတို့ကို အာဣ မင်းကြီး သည် မြင် လျှင် ၊ မြို့ သား ယောက်ျားတို့သည် စောစော ထ၍ အလျင်အမြန် ပြင်ဆင်ပြီးမှ ၊ မင်းကြီး သည် လူ အပေါင်း တို့နှင့်တကွ ဣသရေလ အမျိုးသားတို့ကို တိုက် ခြင်းငှါ ၊ ချိန်းချက် သော အချိန်၌ လွင်ပြင် သို့ ချီ သွားလေ၏။ သို့ရာတွင် မြို့ နောက် မှာ ကင်း တပ်ရှိမှန်းကို မ သိ။
Joshua 8:24ဣသရေလ အမျိုးသားတို့သည် လွင်ပြင် ၌ ၎င်း၊ လိုက်ရှာ ရာ တော ၌ ၎င်း၊ အာဣ မြို့သား အပေါင်း တို့ကို လုပ်ကြံ ၍ ထား ဖြင့် အကုန်အစင် သုတ်သင် ပြီးမှ ၊ တဖန် မြို့သို့ပြန် လာ၍ ထား ဖြင့် လုပ်ကြံ ကြ၏။
Joshua 9:3ဂိဗောင် မြို့သား တို့သည် ယေရိခေါ မြို့၊ အာဣ မြို့ ၌ ယောရှု ပြု သောအမှု ကို ကြား သောအခါ၊