ယောရှုမှတ်စာ 8:4
သင်တို့သည် ထိုမြို့ကို တိုက်ခြင်းငှါ မြို့နောက် မှာ ကင်းထိုလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွား ကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Joshua 8:16သူတို့ကို လိုက်ခြင်းငှါ၊ အာဣမင်းကြီးသည် မြို့၌ ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့ သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ၏။
Judges 9:32သို့ဖြစ်၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍၊ တော၌ ချောင်းမြောင်းလျက် နေတော်မူပါ။
Judges 20:33ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာအရပ်မှထ၍ ဗာလတာမာမြို့၌ စစ်ခင်းကြ၏။ ကင်း စောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့်၊
1 Samuel 15:2ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။-
2 Kings 7:12မိုဃ်းမလင်းမှီ ရှင်ဘုရင်သည်ထ၍၊ ရှုရိလူတို့ သည် ငါတို့၌ အဘယ်သို့ ပြုလိုသည်ကို ငါပြောမည်။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင် ဘမ်းပြီးမှ၊ မြို့ထဲသို့ ဝင်မည်အကြံရှိ၍၊ ငါတို့ငတ်မွတ် ကြောင်းကို သိသောကြောင့်၊ မိမိတို့တပ်ပြင်သို့ထွက်၍ တော၌ ပုန်းရှောင်လျက် နေကြသည်ဟုဆိုလျှင်၊
Ecclesiastes 9:16ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။