ယောရှုမှတ်စာ 9:25
ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန် လျှောက်ကြ၏။
1835 Judson Burmese Bible
In The King James Version
And now, behold, we are in thine hand: as it seemeth good and right unto thee to do unto us, do.
In Context
26ထိုသို့နှင့်အညီ ယောရှုသည် ပြု၍၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလလူတို့လက်မှ ကယ်နှုတ်သဖြင့်၊
Cross References
Judges 8:15ဂိဒေါင်သည်လည်း၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ၍၊ သင်တို့က၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ရှိသလောဟု ငါ့ကို ကဲ့ရဲ့၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက်၊
1 Samuel 3:18ရှမွေလသည် တစုံတခုကိုမျှ ဝှက်မထား အလုံးစုံတို့ကို ပြန်ကြား၏။ ဧလိကလည်း၊ ထာဝရဘုရားဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေသောဟု ဝန်ခံလေ၏။
2 Samuel 24:14ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏ လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။
Isaiah 47:6ငါသည် ငါ၏လူတို့ကို အမျက်ထွက်သော ကြောင့်၊ ငါ၏ အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက် ၏။ သင်သည် သနားသော စိတ်မရှိ။ အသက်ကြီးသူတို့ အပေါ်မှာ လေးသော ထမ်းဘိုးကို တင်လေပြီ။
Jeremiah 38:5ဇေဒကိမင်းကြီးက၊ သူသည် သင်တို့လက်၌ ရှိ၏။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ၏။