ရှင်ယုဒဩဝါဒစာ 1:25
ငါ တို့ကို ကယ်တင် တော်မူသောအရှင်၊ တဆူတည်း သောဘုရားသခင် သည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ၊ ယခု မှစ၍ကမ္ဘာ အဆက်ဆက်ဘုန်း တန်ခိုး အာနုဘော် နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း အာမင်
မြန်မာကျမ်းစာ
In The King James Version
To the only wise God our Saviour, be glory and majesty, dominion and power, both now and ever. Amen.
In Context
Cross References
Psalms 72:18အံ့ဘွယ် သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသောထာဝရ အရှင်ဘုရား သခင်၊ ဣသရေလ အမျိုး၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။
Psalms 104:24အို ထာဝရဘုရား ၊ ကိုယ်တော် စီရင် ပြုပြင်တော်မူ သောအရာတို့သည် အလွန်များပြား ပါ၏။ ရှိရှိသမျှ တို့ကို ပညာ တော်အားဖြင့် ဖန်ဆင်း တော်မူ၏။ မြေကြီး သည် ဘဏ္ဍာ တော်နှင့် ကြွယ်ဝ ပါ၏။
Isaiah 12:2ဘုရား သခင်သည် ငါ့ ကို ကယ်တင် သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့် သောစိတ် မ ရှိဘဲ ရဲရင့် မည်။ ထာဝရဘုရား သည် ငါ ချီးမွမ်း ရာ၊ ငါသီချင်း ဆိုရာ၊ ငါ့ ကို ကယ်တင် တော်မူသောအရှင်ဖြစ် တော်မူ၏။
Daniel 4:37ယခု တွင် ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်း ထောပနာပြု၏။ စီရင် ဖန်ဆင်း တော်မူသမျှ သော အရာတို့သည် သစ္စာ နှင့် ပြည့်စုံ၍ တရား နှင့် ညီလျော်ကြ၏။ မာန ထောင်လွှား သောသူတို့ ကို နှိမ်ချ ခြင်းငှါ တတ်နိုင် တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။
John 4:22သင် တို့သည်ကိုယ်မ သိ သောအရာ ကို ကိုးကွယ် ကြ၏။ ငါ တို့သည်ကိုယ်သိ သောအရာ ကို ကိုးကွယ် ကြ ၏။ အကြောင်းမူကား ၊ ယုဒ လူတို့၌ ကယ်တင် ခြင်းအကြောင်းရှိ ၏။
Romans 11:33ဘုရားသခင် ၏ပညာ နှင့် ဉာဏ် တော်သည် အလွန်ကျယ်ဝန်း နက်နဲ စွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူ မျှစစ် ၍ မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက် ၍ရှာသော်လည်းမတွေ့မမှီနိုင်။