တရားသူကြီးမှတ်စာ 12:6
သူတို့က၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော်၊ ဧဖရိမ်လူသည် ထိုစကားကို ပြီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော၏။ ထိုသို့ပြောသောသူကို ဘမ်းဆီး၍ ယော်ဒန်မြစ်ကူးရာအရပ် ၌ သတ်ကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင် သေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
7ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှ သေ၍ ဂိလဒ်မြို့တမြို့၌ သင်္ဂြိုဟ်လေ၏။
Read all of တရားသူကြီးမှတ်စာ 12
Cross References
Psalms 69:15ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။
Proverbs 18:19အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
Isaiah 27:12အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တ ယောက်နောက် တယောက်၊ ကောက်သိမ်းခြင်း ကျေးဇူး တော်ကို ခံရကြလိမ့်မည်။
Matthew 26:73ထို့နောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင်ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊
Galatians 5:15သို့မဟုတ်အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ်၍သတိရှိကြလော့။