တရားသူကြီးမှတ်စာ 15:19
လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကို သောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
20ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးလေ၏။
Read all of တရားသူကြီးမှတ်စာ 15
Cross References
Genesis 16:13ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။
Genesis 30:30အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခု တိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူ အိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစု ရပါအံ့နည်းဟု ဆိုလေ၏။
Exodus 17:15မောရှေသည်လည်း ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါနိဿိဟု သမုတ်လေ၏။
Judges 15:9တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။
Psalms 34:6ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။
Psalms 110:7လမ်းနားမှာ စီးသောရေကိုသောက်၍၊ ခေါင်း တော်ကို ချီးမြှင့်တော်မူမည်။