တရားသူကြီးမှတ်စာ 18:2
သို့ဖြစ်၍ ဒန် အမျိုးသား တို့သည် ပြည် ကို ကြည့်ရှု စူးစမ်း စေခြင်းငှါ မိမိ တို့ အမျိုးသား ခွန်အား ကြီးသော သူရဲ ငါး ယောက်တို့ကို သူတို့နေရာအရပ် ဇောရာ မြို့၊ ဧရှတောလ မြို့မှ စေလွှတ် လျက်၊ ပြည် ကို သွား ၍ စူးစမ်း ကြလော့ဟု မှာ လိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ် တောင် ၊ မိက္ခါ အိမ် သို့ ရောက် ပြီးလျှင် တည်းခို ၍နေကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 18
Cross References
Genesis 42:9ယောသပ် သည် သူ တို့အကြောင်း နှင့် မြင် ရသောအိပ်မက် တို့ကို အောက်မေ့ လျက် ၊ သင် တို့သည် သူလျှို ဖြစ်ကြ၏။ ပြည် တော်၌ အားနည်း သောအရပ်ကို ကြည့်ရှု ခြင်းငှါ လာ ကြပြီဟုဆိုလျှင်၊
Joshua 2:1နုန် ၏သား ယောရှု သည် သူလျှို နှစ် ယောက်ကို ရှိတ္တိမ် မြို့မှ တိတ်ဆိတ် စွာစေလွှတ် လျက်၊ ခါနာန်ပြည် ယေရိခေါ မြို့ကို သွား ၍ ကြည့်ရှု ကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင်ရာခပ် အမည် ရှိသော ပြည်တန်ဆာ မိန်းမ အိမ် သို့ ဝင် ၍ နေ လေ၏။
Joshua 17:15ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ဧဖရိမ် တောင် ကျဉ်းမြောင်း လျှင် ၊ တော အရပ်သို့ သွား ၍ ဖေရဇိ ပြည် ၊ ရေဖိမ် ပြည်၌ ခုတ် လှဲကြလော့ဟု ပြန်ပြော ၏။
Judges 13:2ဒန် အမျိုး ၊ ဇောရာ မြို့သား မာနော် အမည် ရှိသောသူတယောက် ရှိ ၏။ သူ ၏မယား သည် မြုံ သောကြောင့် သား မ ဘွား။
Judges 16:31သူ့ ညီ များ၊ အဆွေအမျိုး များ အပေါင်း တို့သည် လာ ၍ အလောင်း ကောင်ကို ထမ်း သွား ပြီးလျှင် ၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား တွင် အဘ မာနော် ၏ သင်္ချိုင်း ၌ သင်္ဂြိုလ် ကြ၏။ သူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး သတည်း။
Judges 18:8အမျိုးသားချင်းရှိရာ ဇောရာ မြို့၊ ဧရှတောလ မြို့သို့ ပြန်လာ ၍ အမျိုးသား ချင်းတို့က၊ သင် တို့သည် အဘယ်သို့ ပြောကြမည်နည်းဟုမေး သော်၊