တရားသူကြီးမှတ်စာ 2:16
သို့ရာတွင် လုယူ သောသူတို့ လက် မှ ကယ်လွှတ် သော တရားသူကြီး တို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 2
Cross References
Judges 3:15နောက်တဖန် ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ ကယ်တင် သော သခင် ၊ လက်ျာ လက် ကို မသုံးတတ်သော ဗင်္ယာမိန် အမျိုး၊ ဂေရ သား ဧဟုဒ ကို ပေါ်ထွန်း စေတော်မူ၏။ သူ့ လက် တွင် ဣသရေလ လူတို့သည် လက်ဆောင် ကို မောဘ ရှင်ဘုရင် ဧဂလုန် ထံ သို့ပေး လိုက်ကြ၏။
Judges 4:5သူသည် ဧဖရိမ် တောင် ပေါ်၊ ရာမ မြို့နှင့် ဗေသလ မြို့စပ်ကြား ၊ ဒေဗောရ စွန်ပလွံ ပင်အောက် မှာနေ ၍ ၊ ဣသရေလ အမျိုးသားတို့သည် ထိုပရောဖက်မ ၏ စီရင်ခြင်း ကိုခံအံ့သောငှါ ရောက် လာတတ်ကြ၏။
Judges 10:1အဘိမလက် လက်ထက်နောက် မှ၊ ဣသရေလ အမျိုးကို ကယ်တင် သောသူ ဣသခါ အမျိုး ၊ ဒေါဒေါ သား ဖုဝါ ၏သား တောလ သည် ပေါ်ထွန်း ၍ ၊ ဧဖရိမ် တောင် ပေါ်၊ ရှမိရ မြို့မှာ နေ လေ၏။
Ruth 1:1တရား သူကြီးအုပ်စိုး သောကာလ ၊ တရံရောအခါ ဣသရေလပြည် ၌ အစာအာဟာရခေါင်းပါး ၍ ယုဒ ပြည် ဗက်လင် မြို့သား တယောက်သည်၊ မယား နှင့် သား နှစ် ယောက်ပါလျက် မောဘ ပြည် ၌ တည်းခို ခြင်းငှါ သွား ၏။
1 Samuel 14:48ဗိုလ်ခြေ များကို နှိုးဆော် ၍ အာမလက် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ဣသရေလ အမျိုးသားတို့ကို လုယက် ဖျက်ဆီးသောသူတို့ လက် မှ ကယ်နှုတ် လေ၏။
Nehemiah 9:27ထိုကြောင့် ၊ သူ တို့ကို နှောင့်ရှက် သော ရန်သူ လက် သို့ အပ် လိုက် တော်မူ၏။ ဆင်းရဲ ခံရ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံက နားထောင် ၍ ၊ ကရုဏာ ကျေးဇူးတော် ကြွယ်ဝ သည်အတိုင်း ၊ ရန်သူ လက် မှ ကယ်လွှတ် သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်း စေတော်မူ၏။