The Bible Software
bible.software › တရားသူကြီးမှတ်စာ › တရားသူကြီးမှတ်စာ 20 › တရားသူကြီးမှတ်စာ 20:18

တရားသူကြီးမှတ်စာ 20:18

ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက် ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။

1835 Judson Burmese Bible

In The King James Version

And the children of Israel arose, and went up to the house of God, and asked counsel of God, and said, Which of us shall go up first to the battle against the children of Benjamin? And the LORD said, Judah shall go up first.

In Context

17ဗင်္ယာမိန်အမျိုးသားမှတပါး ထားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသား အရေ အတွက်ကား လေးသိန်းတည်း။

19နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ၍ ဂိဗာမြို့အနား၌ တပ်ချပြီးမှ၊

Read all of တရားသူကြီးမှတ်စာ 20

Cross References

Genesis 49:8အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ် မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။

Numbers 27:21ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊

Joshua 18:1ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ ၏။

Judges 1:2ထာဝရဘုရားက၊ ယုဒသည် ချီသွားရမည်။ ထိုပြည်ကို သူ၏လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။

Judges 19:18ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင် သားဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခုထာဝရဘုရား၏ အိမ်တော်သို့ သွား၏။ အဘယ်သူ မျှ ဧည့်မခံသေး။

Judges 20:23ထာဝရဘုရားထံတော်သို့ သွား၍ ညဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုး သားတို့ကို တဖန်စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားသူကြီးမှတ်စာ 20:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားသူကြီးမှတ်စာ 20:17တရားသူကြီးမှတ်စာ 20တရားသူကြီးမှတ်စာ 20:19 →