The Bible Software
bible.software › တရားသူကြီးမှတ်စာ › တရားသူကြီးမှတ်စာ 20 › တရားသူကြီးမှတ်စာ 20:6

တရားသူကြီးမှတ်စာ 20:6

အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေခံ ရာ ပြည်တရှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။-

1835 Judson Burmese Bible

In The King James Version

And I took my concubine, and cut her in pieces, and sent her throughout all the country of the inheritance of Israel: for they have committed lewdness and folly in Israel.

In Context

5ညဉ့်အခါ ဂိဗာမြို့သားတို့သည် ထ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက်၊ အကျွန်ုပ်ကို တိုက် သတ်မည် အားထုတ်ကြပါ၏။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ၏။ -

7သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆို လေ၏။-

Read all of တရားသူကြီးမှတ်စာ 20

Cross References

Leviticus 18:24ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည်၊ ထိုသို့သောအမှုကို ပြု၍ ညစ်ညူးကြ၏။

Joshua 7:15ကျိန်အပ်သော အရာပါလျက် မှတ်တော်မူသော သူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူ ကား၊ သူသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို ဖျက် ၍ ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုလေပြီဟု ယောရှု အား မိန့်တော်မူ၏။

Judges 19:23အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။

Judges 20:10ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတရာတွင် တဆယ်၊ တထောင်တွင်တရာ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားသူကြီးမှတ်စာ 20:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားသူကြီးမှတ်စာ 20:5တရားသူကြီးမှတ်စာ 20တရားသူကြီးမှတ်စာ 20:7 →