တရားသူကြီးမှတ်စာ 21:1
ဣသရေလ အမျိုးသား တို့သည် အဘယ်သူ မျှမိမိ သမီး ကို ဗင်္ယာမိန် အမျိုးသား၌ မ ပေးစား ရမည်အကြောင်း၊ မိဇပါ မြို့မှာ ကျိန်ဆို ခြင်းကို ပြုနှင့်ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 21
Cross References
Exodus 34:12သင် သည် ယခုသွားသော ပြည်သူ ပြည်သားတို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သင့် အလယ်၌ တိုက်မိ၍ လဲစရာ အကြောင်းမ ဖြစ် စေခြင်းငှာ ၊ ကိုယ်ကိုကိုယ်သတိ ပြုလော့။
Judges 11:30ယေဖသ သည် ထာဝရဘုရား အား သစ္စာ ဂတိထားလျက် ၊ အကယ်၍ ကိုယ်တော်သည် အမ္မုန် အမျိုးသားတို့ကို အကျွန်ုပ် လက် ၌ အပ် တော်မူလျှင်၊
Judges 20:8လူ အပေါင်း တို့သည် တယောက် သောသူ ကဲ့သို့ ထ ၍ ငါတို့သည် တယောက်မျှ မိမိ တဲ သို့ မ သွား ၊ မိမိ အိမ် သို့ မ ပြန်။
Judges 21:5ဣသရေလ အမျိုးသား တို့ကလည်း ၊ ဣသရေလ အမျိုး အနွယ်အပေါင်း တို့တွင် အဘယ်သူ သည် ပရိသတ် အပေါင်းနှင့်အတူထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသနည်းဟုမေး ကြ၏။ အကြောင်း မူကား၊ မိဇပါ မြို့ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသောသူ သည် ဧကန်အမှန် အသေ သတ်ခြင်းကိုခံစေဟု ကြီးစွာ သော ကျိန်ဆို ခြင်းကိုပြု နှင့်ကြပြီ။
Judges 21:18သို့သော်လည်းအကြင်သူသည် ဗင်္ယာမိန် လူ၌ သမီးကို ပေးစား ၏။ ထိုသူသည် ကျိန် အပ်သောသူဖြစ်စေဟုဣသရေလ လူ တို့သည် ကျိန်ဆို ခြင်းကို ပြုသောကြောင့် ငါ တို့သည် ကိုယ် သမီး တို့ကို မ ပေးစား ရ ဟူ၍၎င်း၊
1 Samuel 14:24ထို နေ့၌ ဣသရေလ လူ တို့သည် ဆင်းရဲ ခံရကြ၏။ အကြောင်းမူကား၊ ရှောလု က၊ ငါသည် ငါ့ ရန်သူ တို့၌ ငါ့စိတ် ပြေမည်အကြောင်း၊ ညဦး ချိန်မ ရောက်မှီ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟုလူ တို့ အား အကျိန် ပေးသောကြောင့် အဘယ်သူ မျှအစာ မ စား ရ။