တရားသူကြီးမှတ်စာ 5:23
မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရ ဘုရား၏ကောင်းကင်တမန်သည် မှာထား၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 5
Cross References
Judges 4:6တဖန် ဒေဗောရသည် လူကို စေလွှတ်၍၊ နဿလိခရိုင်ကေဒေရှမြို့မှာနေသော အဘိနောင်၏ သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတသောင်းကို သွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။
Judges 8:5သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္နကို ယခု လိုက်ရှာပါ၏ဟု တောင်းသော် လည်း၊
Judges 8:8ထိုအရပ်က ပေနွေလမြို့သို့ သွား၍၊ သူတို့အား ထိုနည်းတူ တောင်းသော်လည်း၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ၏။
Judges 21:8ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲ နေသနည်းဟူ၍၎င်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာ တပ်သို့ မရောက်မလာကြောင်းကို သိကြ၏။
1 Samuel 17:47ထာဝရဘုရားသည် ထားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကို ပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော် မူမည်ဟု ဖိလိတ္တိလူအား ဆို၏။
1 Samuel 25:28ကိုယ်တော်၏ ကျွန်မအပြစ်ကိုသည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်၎င်း၊ တသက်လုံးကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်၎င်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဘို့ ခိုင်ခံ့ မြဲမြံသော အိမ်ကို တည်ဆောက်တော်မူလိမ့်မည်။