တရားသူကြီးမှတ်စာ 6:11
တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည်လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသား ယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသား ဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှါ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကို နယ်လျက်နေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 6
Cross References
Genesis 16:7ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်း နားမှာ ဟာဂရကိုတွေ့လျှင်၊
Numbers 26:30ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး၊
Joshua 18:23အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊
Judges 5:23မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရ ဘုရား၏ကောင်းကင်တမန်သည် မှာထား၏။
Judges 8:2ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်း ထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ ကောင်းသည်မဟုတ်လော။
Judges 13:3ထာဝရဘုရား၏ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။