တရားသူကြီးမှတ်စာ 7:25
မိဒျန်ဗိုလ်ချုပ်နှစ်ယောက်၊ ဩရဘနှင့် ဇေဘကို ဘမ်းဆီး၍၊ ဩရဘကို ဩရဘကျောက်ပေါ်၌၎င်း၊ ဇေဘကို ဇေဘကို ဇေဘစပျစ်သီးနယ်ရာ တန်ဆာ၌၎င်း သတ်ပြီးမှ၊ မိဒျန်လူတို့ကို လိုက်သဖြင့်၊ ဩရဘ၏ဦးခေါင်းနှင့် ဇေဘ၏ဦးခေါင်းထံသို့ ဆောင်ခဲ့ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 7
Cross References
Judges 8:3ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည် ကြားသောအခါ စိတ်ပြေကြ၏။
Psalms 83:11ငါတို့သည် ဘုရားသခင်၏အိမ်များကို ကိုယ်ဘို့ သိမ်းယူကြကုန်အံ့ဟု ဆိုသောဩရဘမင်းနှင့် ဇေဘမင်း ကဲ့သို့၊
Isaiah 10:26ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။