တရားသူကြီးမှတ်စာ 7:4
တဖန် ထာဝရဘုရား ကလည်း ၊ လူ တို့သည် အလွန် များသေး ၏။ ရေဆိပ် သို့ ခေါ် ခဲ့လော့။ သူ တို့ကို ရေဆိပ် မှာ သင့် အဘို့ ငါစုံစမ်း မည်။ ထိုအခါ ဤ မည်သောသူ သည် သင် နှင့်အတူ သွား ရမည်ဟု ငါဆို လျှင်၊ ထိုသူ သည် သွား ရမည်။ ဤ မည်သော သူ မ သွား ရဟု ငါဆို လျှင် ထိုသူ သည် မ သွား ရဟု မိန့် တော်မူသည်အတိုင်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 7
Cross References
1 Samuel 14:6ယောနသန် က၊ အရေဖျားလှီးခြင်းကိုမခံ သော ထိုတပ်သား တို့ဆီ သို့ သွား ကြကုန်အံ့။ ထာဝရဘုရား သည် ငါ တို့အမှုကို စောင့် ကောင်း စောင့်တော်မူလိမ့်မည်။ လူများ သော်၎င်း၊ နည်း သော်၎င်း၊ ထာဝရဘုရား ကယ်တင် တော်မူခြင်းကို အဆီးအတား မ ရှိနိုင်ဟု လက်နက် ဆောင် လုလင် အား ပြောဆို လျှင်၊
Job 23:10သို့သော်လည်း ငါ သွားသောလမ်း ကို သိ တော်မူ၏။ စစ် တော်မူခြင်းကိုခံ ပြီးမှ၊ ရွှေ ကဲ့သို့ ငါပေါ် လိမ့်မည်။
Psalms 33:16ရှင်ဘုရင် မည်သည်ကား၊ များစွာ သောအလုံး အရင်းအားဖြင့် ချမ်းသာ မ ရ။ သူရဲ သည်လည်း ခွန်အား ကြီး သောအားဖြင့် ကယ်လွှတ် ခြင်းသို့မ ရောက်။
Jeremiah 6:27သင်သည် ငါ ၏ လူမျိုး ကျင့်သောအကျင့် ဓလေ့တို့ကို စစ် ၍ သိ မည်အကြောင်း ၊ စစ်သောသူအရာ၌ ရဲတိုက် ကဲ့သို့သင့် ကို ငါခန့် ထား၏။