တရားသူကြီးမှတ်စာ 8:10
ထိုအခါ ထားကိုင်သော လူတသိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်း တို့တွင် ကျန်ကြွင်းသော လူတသောင်းငါးထောင်ခန့်မျှသာပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
9ဂိဒေါင်ကလည်း၊ ငါသည် တဖန် ငြိမ်ဝပ်စွာ လာသောအခါ၊ ဤရဲတိုက်ကို ဖြိုဖျက်မည်ဟု သူတို့အား ဆို၏။
Read all of တရားသူကြီးမှတ်စာ 8
Cross References
Judges 7:12မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်၌အိပ်လျက်၊ ကျိုင်းကောင် နှင့်အမျှ များကြ၏။ ကုလားအုပ်တို့သည်လည်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိ များကြ၏။
Judges 7:22လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏ တန်ခိုးတော်ကြောင့်၊ တပ်သားအပေါင်း တို့သည် တယောက်ကိုတယောက်တိုက်၍၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့၎င်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလမြို့နယ်သို့၎င်း ပြေးကြ၏။
Judges 20:15ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတပါး အမြို့မြို့အရွာရွာက လာသော ဗင်္ယာ မိန် အမျိုးသား အရေအတွက်ကား၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
Judges 20:25ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထားလက်နက်စွဲကိုင်သော ဣသရေလ လူတသောင်းရှစ်ထောင်တို့ကို မြေပေါ်၌ လှဲ၍ သတ်ကြ၏။
Judges 20:46ထိုနေ့တွင် လဲ၍ သေသော ဗင်္ယာမိန် ထားစွဲသူရဲတို့ အရေအတွက်ကား၊ နှစ်သောင်းငါးထောင်တည်း။
2 Chronicles 13:17အဘိယနှင့် သူ၏လူတို့သည် ကြီးစွာသော လုပ်ကြံခြင်းကိုပြု၍၊ ရွေးချယ်သော ဣသရေလလူ ငါးသိန်းလဲသေသဖြင့်၊