တရားသူကြီးမှတ်စာ 9:7
ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာ ရပ်လျက် အသံကို လွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 9
Cross References
Genesis 37:6အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်းဟူမူ ကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါ လော့။
Deuteronomy 27:12သင်တို့သည် ယော်ဒန်မြစ်ကို ကူးသောနောက်၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ် တောင်ပေါ်မှာ ရပ်ရသော သူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။
Psalms 18:40အကျွန်ုပ်ကို မုန်းသောရန်သူတို့၏ လည်ပင်းကို အကျွန်ုပ်၌ အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ၏။
Proverbs 1:28ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
Proverbs 28:9တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
Isaiah 58:6ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။