ယေရမိမြည်တမ်းစကား 1:18
ထာဝရဘုရား သည် တရား သဖြင့်စီရင် တော်မူ ၏။ ငါသည် ပညတ်တော်ကို လွန်ကျူး မိပြီ။ လူမျိုး ခပ်သိမ်း တို့၊ နားထောင် ၍ ငါ ၏ဒုက္ခ ကို ဆင်ခြင် ကြပါ လော့။ ငါ ၏လူပျို နှင့် အပျို တို့ကို သိမ်းသွား ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
Deuteronomy 28:32သင့် သားသမီး တို့သည် သူတပါး လက်သို့ ရောက် ၍ ၊ သင့် မျက်စိ သည် တနေ့လုံး မြော်ကြည့် လျက် အားကုန် လိမ့်မည်။ သင့် လက် သည်လည်း ခွန်အား မ ရှိရ။
Deuteronomy 32:4ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။
1 Samuel 12:14သင်တို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ဝတ်ပြု ခြင်းနှင့်တကွအာဏာ တော်ကို မ ဆန် ၊ စကား တော်ကို နားထောင် လျှင် သင် တို့နှင့် သင် တို့ကို အုပ်စိုး သော ရှင် ဘုရင်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ အမြဲလိုက်ကြလိမ့်မည်။
1 Kings 9:8အရပ်မြင့် သော ဤ အိမ် တော်ကိုလည်း လမ်း၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍ ၊ ထာဝရဘုရား သည် ဤ ပြည် နှင့် ဤ အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု ကဲ့ရဲ့ သံကိုပြုလျက် တယောက်မေးမြန်း သော်၊
Ezra 9:13အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား တည်းဟူသောကိုယ်တော် သည် အကျွန်ုပ် တို့ခံထိုက်သမျှသော အပြစ် ဒဏ်ကိုပေး တော်မမူသော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြု မိသော ဒုစရိုက် အမှု၊ ကြီး စွာသော လွန်ကျူးခြင်းအပြစ် ကြောင့် ၊ ဤမျှလောက်ခံရ ပြီးမှ ၎င်း၊ ကိုယ်တော်သည် ဤ မျှလောက် ချမ်းသာ ပေး တော်မူပြီးမှ၎င်း၊
Nehemiah 9:26သို့ရာတွင် အမိန့်တော်ကို နား မထောင်၊ ပုန်ကန် လျက် တရား တော်ကို ကျော နောက် သို့ ပစ် ထားကြ၏။ အထံ တော်သို့ ပြန်လာ စေခြင်းငှါ ၊ ဆုံးမ သော ကိုယ်တော် ၏ ပရောဖက် တို့ကိုသတ် ၍ အလွန် ပြစ်မှားခြင်းကို ပြု ကြ ၏။