ယေရမိမြည်တမ်းစကား 3:22
ထာဝရဘုရား သည် သနား တော်မူ၍ ကရုဏာ တော်သည် မ ကုန် သောကြောင့် ငါတို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်ဘဲနေကြ၏။
မြန်မာကျမ်းစာ
In The King James Version
It is of the LORD’S mercies that we are not consumed, because his compassions fail not.
In Context
21ထိုသို့ အကျွန်ုပ် ၏ စိတ် နှလုံးသည် ဆင်ခြင် ၍ သတိရသောအခါ မြော်လင့် စရာအခွင့်ရှိပါ၏။
23နံနက် တိုင်းကရုဏာတော်အသစ် ကိုခံရကြ၏။ သစ္စာ တော်သည် ကြီးမြတ် ပါ၏။
Read all of ယေရမိမြည်တမ်းစကား 3
Cross References
2 Samuel 24:14ဒါဝိဒ် ကလည်း ၊ ငါသည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏ လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီးလှ ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟု ဂဒ် အား ပြန်ပြော ၏”
Ezra 9:13အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား တည်းဟူသောကိုယ်တော် သည် အကျွန်ုပ် တို့ခံထိုက်သမျှသော အပြစ် ဒဏ်ကိုပေး တော်မမူသော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြု မိသော ဒုစရိုက် အမှု၊ ကြီး စွာသော လွန်ကျူးခြင်းအပြစ် ကြောင့် ၊ ဤမျှလောက်ခံရ ပြီးမှ ၎င်း၊ ကိုယ်တော်သည် ဤ မျှလောက် ချမ်းသာ ပေး တော်မူပြီးမှ၎င်း၊
Psalms 69:17ကိုယ်တော် ၏ ကျွန် မှ မျက်နှာ တော်ကို လွှဲ တော်မ မူပါနှင့်။ ဘေး ရောက်ပါပြီ။ အလျင် အမြန်နားထောင် တော်မူပါ။
Psalms 78:38ကိုယ်တော် မူကား ၊ ကရုဏာ စိတ်ရှိ၍ သူတို့ကို မ ဖျက်ဆီး ဘဲ အပြစ် လွှတ် တော်မူ၏။ ကြိမ်ဖန်များစွာ စိတ် တော်ပြေ ၍ ၊ အမျက် တော် ကိုနှိုးဆော် တော်မ မူ။
Psalms 106:45ဝန်ခံ ခြင်းဂတိတော်ကို သူ တို့အဘို့ အောက်မေ့ ၍ ၊ ကရုဏာ တော် များပြား သည်အတိုင်း နောင်တ ရတော်မူ ၏။
Ezekiel 20:8သူတို့သည် နား မ ထောင်၊ ငါ့ ကိုပုန်ကန် ကြ၏။ အသီးသီး ဖူးမြင်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တု ရုပ်တု ကို၎င်း ၊ မ စွန့်ပစ် ဘဲနေကြ ၏။ ထိုကြောင့် ၊ သူ တို့၌ ငါ့ ဒေါသ စိတ်ပြေ မည်အကြောင်း၊ အဲဂုတ္တု ပြည် ထဲမှာ သူ တို့အပေါ်သို့ ငါ့ အမျက် ရှိန်ကို သွန်းလောင်း မည် ဟု ငါအကြံရှိ၏။