ယေရမိမြည်တမ်းစကား 4:19
ငါ တို့ကိုလိုက် ၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင်ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ တောင် ရိုးပေါ် မှာလိုက် ရှာကြ၏။ တော ၌ လည်း ချောင်းမြောင်း ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 4
Cross References
Deuteronomy 28:49ရွှေလင်းတ ပျံ တတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်း သောမျက်နှာ နှင့် ပြည့်စုံလျက်၊ အသက်ကြီး သူကို မ ရိုသေ ၊ အသက်ငယ် သူကိုမ သနား တတ်သောလူမျိုး ကို၊
Isaiah 30:16ငါတို့သည် ထိုသို့မ နေ၊ မြင်း စီး ၍ ပြေး မည်ဟု ဆို သောကြောင့် ၊ သူတပါးတို့သည် သင်တို့ကို ပြေး စေမည်။ ငါတို့သည် လျင်မြန် စွာ စီး သွားမည်ဟု ဆိုသောကြောင့် ၊ သင် တို့ကို လိုက် သောသူတို့သည် လျင်မြန် ကြ လိမ့်မည်။
Jeremiah 16:16ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် တံငါ အများ တို့ကို စေလွှတ် ၍ ၊ ဤလူမျိုး ကိုမျှား စေမည်။ ထိုနောက် ၊ မုဆိုး အများ တို့ကို စေလွှတ် ၍ ၊ ခပ်သိမ်း သော တောင် ကြီး တောင် ငယ်၊ ချောက် ကြား တို့၌ ရှာ စေမည်။
Hosea 8:1တံပိုး မှုတ် လော့။ ရန်သူသည် ရွှေလင်းတ ကဲ့သို့ ထာဝရဘုရား ၏အိမ် တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ ပဋိညာဉ် ကို ဖျက် ၍ ငါ့ တရား ကို လွန်ကျူး ကြပြီ။
Amos 2:14အပြေး ကောင်းသောသူသည် ပြေး သောအခွင့်ကို မရ။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ကို ထုတ် ရ သောအခွင့်မ ရှိရ။ သူရဲ သည် ကိုယ်ကို မ ကယ်လွှတ် ရ။
Habakkuk 1:8သူ တို့၏ မြင်း သည် ကျားသစ် ထက် လျင်မြန် ၏။ ညဉ့် ၌ လည်သော တောခွေး ထက် ကြမ်းတမ်း ၏။ မြင်းစီးသူရဲ တို့သည် အဝေး က လာ၍ ခုန် ကြလိမ့်မည်။ အကောင်ကို ကိုက်စား ခြင်းငှါ လျင်မြန် သော ရွှေလင်းတ ကဲ့သို့ ပျံ လာ ကြလိမ့်မည်။