ယေရမိမြည်တမ်းစကား 5:20
ကိုယ်တော်သည် အဘယ် ကြောင့်အကျွန်ုပ် တို့ကို အစဉ် မပြတ်မေ့လျော့ တော်မူသနည်း။ အဘယ်ကြောင့်ကာလ ကြာမြင့် စွာ စွန့်ပစ် တော်မူသနည်း။
မြန်မာကျမ်းစာ
In The King James Version
Wherefore dost thou forget us for ever, and forsake us so long time?
In Context
19အိုထာဝရဘုရား ၊ ကိုယ်တော် သည် နိစ္စ အမြဲတည် တော်မူ၏။ ပလ္လင် တော်သည်လည်း ထာဝရ ပလ္လင် ဖြစ်ပါ၏။
Read all of ယေရမိမြည်တမ်းစကား 5
Cross References
Psalms 13:1အိုထာဝရဘုရား ၊ အကျွန်ုပ် ကို အလျှင်းမမှတ်ဘဲ အဘယ် မျှ ကာလ ပတ်လုံးမေ့လျော့ တော်မူမည်နည်း။ အဘယ် မျှကာလ ပတ်လုံးမျက်နှာ တော်ကို ကွယ် ထား တော်မူမည်နည်း။
Psalms 42:10ငါ့ ရန်သူ တို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။
Psalms 74:1အို ဘုရား သခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ် စွန့်ပစ် တော်မူသနည်း။ ကိုယ်တော် ထံမှာကျက်စား သော သိုး တို့ကို အဘယ်ကြောင့်အမျက် ထွက်တော်မူသနည်း။
Psalms 79:5အို ထာဝရဘုရား ၊ အမျက် တော်သည် အလျှင်း မငြိမ်းဘဲ အဘယ်မျှကာလ ပတ်လုံးထွက်ပါမည်နည်း။ အဘယ် မျှကာလပတ်လုံး စိတ် တော်သည် မပြေ၊ မီး ကဲ့သို့ လောင် ပါမည်နည်း။
Psalms 89:46အို ထာဝရဘုရား ၊ ကိုယ်တော်သည် အလျှင်း မ ထင်ရှားဘဲ၊ အဘယ် မျှကာလ ပတ်လုံးပုန်း ၍ နေတော်မူ မည်နည်း။ အမျက် တော်သည် အဘယ်မျှကာလ ပတ်လုံးမီး ကဲ့သို့ လောင် ရပါမည်နည်း။
Isaiah 49:14ဇိအုန် ကလည်း ၊ ထာဝရဘုရား သည် ငါ့ ကို စွန့်ပစ် တော်မူပြီ။ ဘုရား ရှင်သည် ငါ့ ကို မေ့လျော့ တော်မူပြီဟု ဆို လေသော်၊