ဝတ်ပြုရာကျမ်း 11:45
ငါ သည် သင်တို့၏ ဘုရား သခင်ဖြစ်ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ ကယ် နုတ်သော ထာဝရဘုရား ဖြစ်၏။ ငါ သည် သန့်ရှင်း သောကြောင့် ၊ သင်တို့သည်သန့်ရှင်း ခြင်းရှိ ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 6:7ငါ ၏လူမျိုး ဖြစ်စေခြင်းငှါ ၊ သင် တို့ကို ငါသိမ်းယူ မည်။ ငါသည်လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်။ ငါ သည်သင် တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ ကြလိမ့်မည်။
Exodus 20:2ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Leviticus 11:44ငါ သည် သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ ငါ သည် သန့်ရှင်း သောကြောင့် ၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်း စေ၍ သန့်ရှင်း ခြင်းရှိ ရကြမည်။ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့် မျှ သင် တို့သည် ကိုယ် ကိုကိုယ်မ ညစ်ညူး စေရကြ။
Leviticus 19:36မှန် သောချိန်ခွင် ၊ မှန် သောအလေး ၊ မှန် သောဧဖာ ၊ မှန် သောဟိန် တို့ကို သုံး ရမည်။ ငါသည်သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Leviticus 22:33ငါ သည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍၊ သန့်ရှင်း စေသောထာဝရဘုရား ဖြစ်၏။ ငါ သည်ထာဝရဘုရား ဖြစ်သည်ဟုမိန့် တော်မူ၏။
Leviticus 26:45ငါသည် သူ တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ သာသနာပ လူတို့ မျက်မှောက် ၌ ၊ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော သူ တို့ ဘိုးဘေး နှင့် ငါပြုသော ပဋိညာဉ် ကို သူ တို့အတွက် ငါအောက်မေ့ မည်၊ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။