ဝတ်ပြုရာကျမ်း 16:6
အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ်နှစ် ကောင်၊ မီး ရှို့ရာယဇ်ဘို့ သိုး တကောင် ကို၊ ဣသရေလ အမျိုးသား ပရိသတ် လက်မှ ခံယူ ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 8:14ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ အပြစ် ဖြေရာယဇ်ဘို့ နွား ထီးကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ကြ၏။
Ezra 10:18တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော ယဇ် ပုရောဟိတ် အမျိုးသား ဟူမူကား၊ ယောရှု အမျိုး ယောဇဒက် သား နှင့် သူ ၏ညီ မာသေယ ၊ ဧလျေဇာ ၊ ယာရိပ် ၊ ဂေဒလိ တည်း။
Ezekiel 43:19အမှုတော်ကိုဆောင် ၍ ငါ့ ထံသို့ ချဉ်းကပ် သော လေဝိ အမျိုး၊ ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျို သောနွားထီး တကောင်ကို အပ် ရမည်။
Hebrews 5:2သူ သည် ကိုယ်တိုင်နွမ်းရိ အားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက် သောသူ၊ မှားယွင်း သောသူတို့ကို သည်းခံ ခြင်းငှာတတ်နိုင် ၏
Hebrews 9:7ဒုတိယ တဲတော်အတွင်း သို့ ယဇ်ပုရောဟိတ် မင်းတစ်ပါးတည်းသာ မိမိ အပြစ် ကြောင့် ၎င်း ၊ လူ များအပြစ် ကြောင့်၎င်း၊ ပူဇော် သောအသွေး ကိုဆောင်၍ တနှစ် လျှင် တစ်ခါ တည်းသာဝင်ရ၏