ဝတ်ပြုရာကျမ်း 19:12
ငါ့ နာမ ကို တိုင်တည်၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို ခြင်းကို မ ပြုရ။ သင် ၏ ဘုရား သခင်နာမ ကို မရှုတ် မချရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
11သူ့ဥစ္စာကို မ ခိုး ရ။ သူတပါး ကို မ လှည့်စား ရ။ တယောက်ကိုတယောက်မုသာ စကားမ ပြောရ။
Cross References
Leviticus 6:3ပျောက်သောဥစ္စာ ကို တွေ့ သောအခါ ၊ မုသာ စကားကိုပြော၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို သော်၎င်း ၊ ထိုသို့သော ဒုစရိုက်တစုံ တခုကို ပြု ၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
Leviticus 20:3ငါ့ သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေလျက် ၊ ငါ့ သန့်ရှင်း သော နာမ တော်ကို ရှုတ်ချ လျက် ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သောသူကို၊ ငါ သည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
Leviticus 24:15သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ ၊ မိမိ ဘုရား သခင်ကို ကျိန်ဆဲ သောသူသည် မိမိ အပြစ် ကိုခံရ မည်။
Psalms 15:4ဆိုးယုတ် သောသူကို အယုတ် ဟူ၍ ထင် မှတ်လျက် ၊ ထာဝရ ဘုရားအား ကြောက်ရွံ့ သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုး ပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမ ဖျက်၊
Jeremiah 4:2သင်ကလည်း၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟု သစ္စာ စောင့်ခြင်း၊ တရားစီရင် ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆို လိမ့်မည်။ လူ အမျိုးမျိုးတို့သည် လည်း၊ ထိုဘုရား သခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍ ၊ ထိုဘုရား သခင်ကို အမှီပြု လျက် ဝါကြွား ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Jeremiah 7:9သင်တို့သည် သူ့ဥစ္စာကိုခိုး လျက်၊ လူအသက်ကိုသတ် လျက် ၊ သူ့မယားကိုပြစ်မှား လျက် ၊ မဟုတ် မမှန်ဘဲ ကျိန်ဆို လျက် ၊ ဗာလ ဘုရားရှေ့ ၌ နံ့သာ ပေါင်းကို မီးရှို့လျက် ၊ ကိုယ်မ သိ ဘူးသော အခြား တပါးသော ဘုရား တို့ နောက် သို့လိုက် လျက်နှင့်၊