ဝတ်ပြုရာကျမ်း 20:27
ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ နတ်ဝင် သောသူ၊ စုန်း လုပ်သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲ နှင့် ပစ် ရကြမည်။ သူ ၌ သေထိုက်သော အပြစ် ရှိသည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 22:18စုန်းမ ကို အသက် ရှင်စေခြင်းငှါ အခွင့်မ ပေးရ။
Leviticus 20:2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား ဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်း နေသောတပါး အမျိုးသားဖြစ်စေ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သော သူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပြည် သား တို့လည်း ခဲ နှင့် ပစ် ရကြမည်။
Deuteronomy 18:10သင် တို့တွင် မိမိ သား သမီး ကို မီး ဖြင့် ပူဇော် သောသူ၊ ဖြစ် လတံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ မ ကောင်းသော အတတ်ကို ပြုစုသောသူ၊