ဝတ်ပြုရာကျမ်း 24:16
ထာဝရဘုရား ၏ နာမ တော်ကို ပြစ်မှား သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်း တို့သည်၊ ထိုသူ ကို အမှန် ကျောက်ခဲ နှင့် ပစ်ရကြမည်။ အမျိုးသား ချင်းဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ၊ နာမ တော်ကို ပြစ်မှား လျှင် အသေ သတ်ခြင်းကိုခံရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
17လူ အသက် ကိုသတ် သောသူ သည်လည်း အသေ သတ်ခြင်းကို အမှန်ခံရမည်။
Cross References
Exodus 20:7သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ် မရှိဟု ထာဝရဘုရား မှတ်တော်မ မူ။
1 Kings 21:10သူ့ ရှေ့ မှာ အဓမ္မ လူ နှစ် ယောက်ကိုထား ၍ ၊ သင်သည် ဘုရားသခင် နှင့် ရှင် ဘုရင်ကိုစွန့်ပယ် ပြီဟု သက်သေခံ ပါလေစေ။ သို့ပြီးမှ သူ့ ကို ထုတ် ၍ သေ စေခြင်းငှါ ကျောက်ခဲ နှင့်ပစ်ကြလော့ဟု ပါသတည်း။
Psalms 74:18ရန်သူ တို့သည် ထာဝရဘုရား ကိုကဲ့ရဲ့ ၍ ၊ လူမိုက် တို့ သည် နာမတော် အား မထီမဲ့မြင် ပြုကြသည်ကို အောက်မေ့ တော်မူပါ။
Matthew 12:31ထိုကြောင့် ငါဆို သည်ကား၊ ပြစ်မှားသောအပြစ် ၊ ဘုရားကိုကဲ့ရဲ့ သောအပြစ်အမျိုးမျိုး တို့နှင့် လွတ် စေ ခြင်းအခွင့်ကို လူ တို့သည် ရနိုင်ကြ၏။ ဝိညာဉ် တော်ကို ကဲ့ရဲ့ သောအပြစ်နှင့်လွတ် စေခြင်းအခွင့်ကို လူတို့သည် မ ရနိုင်ကြ။
Mark 3:28ငါအမှန် ဆို သည်ကား၊ ပြစ်မှား သောအပြစ် အမျိုးမျိုး ၊ ဘုရားကို ကဲ့ရဲ့ သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူ သား တို့သည် ရနိုင်ကြ၏။”
John 10:33ယုဒ လူတို့က၊ ကောင်း သောအမှု ကြောင့် ခဲနှင့်ပစ် မည်မ ဟုတ်။ သင် သည် လူ ဖြစ် လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူး သောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆို ကြ၏။