ဝတ်ပြုရာကျမ်း 25:36
သူ၌ အတိုး အပွားကို မ ယူ ရ။ သင် ၏ အမျိုးသား ချင်းသည် သင့် ထံ မှာနေ စေခြင်းငှါ ၊ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ လော့။
မြန်မာကျမ်းစာ
In The King James Version
Take thou no usury of him, or increase: but fear thy God; that thy brother may live with thee.
In Context
37အတိုး အပွါး ကို မြော်လင့်၍ ငွေ ကို၎င်း၊ စားစရာ ကို၎င်း၊ သူ ၌ မ ချေး မငှါးရ။
Cross References
Exodus 22:24ငါ အမျက် ပြင်းစွာထွက် လျှက် သင် တို့ကို ထား ဘေးဖြင့် ကွပ်မျက် မည်။ သင် တို့မယား များသည်လည်း မုတ်ဆိုးမ ဖြစ်၍ ၊ သားသမီး များသည်လည်း မိဘ မရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
Leviticus 25:17သင်တို့သည် တယောက် ကိုတယောက်မ ညှဉ်းဆဲ ရ။ သင် တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Nehemiah 5:3အချို့ကလည်း ၊ ငါ တို့သည် လယ်ယာ ၊ ဥယျာဉ် ၊ အိမ် တို့ကို ပေါင် ထားပြီ။ အစာခေါင်းပါး သောကာလ ၊ ဆန် စပါးကို အဘယ်မှာရ နိုင်ပါမည်နည်းဟု ဆို ကြ၏။
Nehemiah 5:15အရင် မြို့ဝန် တို့ကို လူ များတို့သည် ကျွေးရကြ၏။ မုန့် နှင့် စပျစ်ရည် ကို၎င်း၊ တနေ့လျှင် ငွေ လေး ဆယ်ကို၎င်းပေး ရကြ၏။ မင်း လုလင်၏ စေစား ခြင်းကိုလည်း ခံရကြ ၏။ ငါ မူကား ဘုရား သခင်ကို ကြောက်ရွံ့ သောကြောင့် ၊ အရင်မြို့ဝန်ကဲ့သို့မ ပြု။
Proverbs 28:8အတိုး စား၍ မတရားသော အမြတ်အားဖြင့်ဥစ္စာ ကို ဆည်းဖူးသောသူ သည် ဆင်းရဲသား တို့ကို သနား သောသူအဘို့ သာ ဆည်းဖူး တတ်၏။
Ezekiel 18:13အတိုး စား၍ငွေချေး ခြင်းကိုပြုသောသူဖြစ် လျှင်၊ အသက်ရှင် ရမည်လော။ အသက် မ ရှင်ရ။ ထို ရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေ သတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ ၏။