ဝတ်ပြုရာကျမ်း 26:15
ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍၊ မထီမဲ့မြင်ပြုလျက်၊ ငါ့ပညတ်တရားကိုမကျင့်၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင်၊-
1835 Judson Burmese Bible
In The King James Version
In Context
14သင်တို့သည် ငါ့စကားကို နားမထောင်၊ ဤပညတ်အလုံးစုံကို မစောင့်၊-
Cross References
Genesis 17:14အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ၏ အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ၏။
Exodus 24:7ပဋိညာဉ်စာကိုလည်း ယူ၍၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော် မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။
Numbers 15:31ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏။
2 Samuel 12:9သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။
2 Chronicles 36:16ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့်၊ ထာဝရဘုရား၏အမျက်တော် မငြိမ်း နိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
Proverbs 1:7ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။