ဝတ်ပြုရာကျမ်း 26:31
သင် တို့မြို့ များကို ငါဖျက်ဆီး ၍ ၊ သန့်ရှင်း ရာဌာနတော်ကို သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် တို့နံ့သာပေါင်း အမွှေး အကြိုင်ကို ငါမ နမ်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 25:4ခါလဒဲ လူတို့သည်မြို့ ရိုးကို ဖြို ဖောက်၍ မြို့ ကို လည်း ဝိုင်း နေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့ သည် ညဉ့် အခါ ပြေး ၍ မြို့ရိုး နှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွားကြ၏
2 Chronicles 36:19ဗိမာန် တော်ကိုလည်း မီးရှို့ ၍ ယေရုရှလင် မြို့ရိုး ကို ဖြိုဖျက် ကြ၏။ မင်း အိမ် ရှိသမျှ တို့ကိုလည်း မီးရှို့ ၍ မြို့တန်ဆာ အကောင်း အမြတ်ရှိသမျှ တို့ကို ဖျက်ဆီး ကြ၏။
Nehemiah 2:3ငါသည်အလွန် ကြောက် ၍ ၊ ရှင်ဘုရင် အသက် တော်အစဉ် အမြဲရှင်ပါစေ။ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ သည် ပျက်စီး လျက် ၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော် သည် မျက်နှာ မ ညှိုးငယ် ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက် သော်၊
Psalms 74:3သန့်ရှင်း ရာဌာန၌ ရန်သူ သည် မ တရားသဖြင့် ပြု၍၊ အမြဲ သုတ်သင် ပယ်ရှင်းရာအရပ်သို့ ကြွ တော်မူပါ။
Isaiah 1:7သင် တို့ပြည် သည် လူဆိတ်ညံ လျက်ရှိ၏။ သင် တို့မြို့ များကို မီးလောင် ပြီ။ သင် တို့မြေ ကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင် တို့မျက်မှောက် ၌ စား ကြ၏။ ရန်သူ ဖျက် ပြီးသကဲ့သို့ ၊ လူဆိတ်ညံ လျက်ရှိ၏။
Isaiah 1:13အချည်းနှီး သော ပူဇော် သက္ကာကို နောက်တဖန် မ ဆောင် ခဲ့ကြနှင့်။ သင်တို့မီးရှို့သောနံ့သာ ပေါင်းကို ငါ ရွံရှာ ၏။ လဆန်း နေ့၊ ဥပုသ် နေ့၊ ပရိသတ်စည်းဝေး သောနေ့ ကိုလည်း ရွံရှာ၏။ အဓမ္မ အမှုနှင့်ရောနှောသော ဓမ္မစည်းဝေး ခြင်းတို့ကို သည်းမ ခံ နိုင်။