ဝတ်ပြုရာကျမ်း 9:5
မောရှေ မှာ ထားသောအရာတို့ကို ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့ပြီးမှ ၊ ပရိသတ် အပေါင်း တို့သည် ချဉ်းကပ် ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 31:12ယောက်ျား ၊ မိန်းမ ၊ သူငယ် များ၊ တည်းခို သော တပါး အမျိုးသားများတို့သည် ကြား ၍ နားလည် သဖြင့် ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ပရိသတ် တို့ကို စုဝေး စေကြလော့။
2 Chronicles 5:2ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဇိအုန် မည်သော ဒါဝိဒ် မြို့ မှာ ဆောင် ခဲ့လိုသောငှါ ၊ ရှောလမုန် သည် ဣသရေလ အသက် ကြီးသူ အပေါင်း တို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကို အုပ်သောခေါင်း မင်း အပေါင်းတို့ကို၊ ယေရုရှလင် မြို့သို့ ခေါ် တော်မူသည်အတိုင်း၊