ရှင်လုကာခရစ်ဝင် 10:20
သို့သော်လည်း နတ်ဆိုး ကို နိုင် ရသောကြောင့် သာ ဝမ်းမြောက် ခြင်းမ ရှိကြနှင့်၊ သင် တို့၏ နာမည် များ သည် ကောင်းကင် စာရင်း ၌ ဝင်သည်ကို ဝမ်းမြောက် ခြင်းရှိကြလော့ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 10
Cross References
Exodus 32:32သို့ သော်လည်းသူ တို့အပြစ် ကို လွှတ်ခြင်းငှါအလို တော်ရှိလျှင် လွှတ် တော်မူပါ။ သို့မဟုတ် ၊ ကိုယ်တော် စီရင် တော်မူသော စာရင်း ၌ အကျွန်ုပ် နာမကို ချေ တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
Isaiah 4:3ထာဝရဘုရား သည် တရားစီရင် သောဝိညာဉ် ၊ မီးလောင် သောဝိညာဉ် တော်အားဖြင့် ၊ ဇိအုန် သတို့သမီး တို့၏အညစ်အကြေး ကို ဆေးကြော ၍၊ ယေရုရှလင် မြို့၏အသွေး ကိုမြို့ ထဲ က ပယ်ရှား တော်မူပြီးလျှင်၊
Daniel 12:1ထို ကာလ ၌ သင့် အမျိုးသား ချင်းတို့၏အမှုကို စောင့် သော အရှင် ကြီး မိက္ခေလ သည် ပေါ် လာလိမ့်မည်။ လူမျိုး တစုံတမျိုးမျှဖြစ် သည်ကာလမှစ၍ထို ကာလ တိုင်အောင် ၊ မ ဖြစ် စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလ သည် ရောက် လိမ့်မည်။ ထို ကာလ အခါ စာစောင် ၌ စာရင်း ဝင်သမျှ သောသင် ၏အမျိုးသား ချင်းတို့သည် ကယ်လွှတ် ခြင်းသို့ ရောက်ကြလိမ့်မည်။
Matthew 10:1တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကိုခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နှင်ထုတ် ခြင်းငှာ၎င်း ၊ အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေခြင်းငှာ၎င်း အခွင့် ပေး တော်မူ၏။
Matthew 27:5သူသည် ထိုငွေ ကိုဗိမာန် တော်၌ ပစ်ချ ခဲ့၍ အခြားသို့သွား ပြီးလျှင် လည်ကြိုးတပ် ၍ သေလေ၏။
Philippians 4:3အချင်း ငါ့လုပ်ဘော်ဆောင်ဘက် စစ် ၊ သင် တို့ကိုလည်း ငါတောင်းပန် ၏။ ငါ နှင့် ကလေမင် မှစ၍ အသက် စာရင်းဝင်သော အခြား သောငါ ၏လုပ်ဘော်ဆောင်ဘက် တို့နှင့်အတူ ၊ ဧဝံဂေလိ တရားကို ဟောပြောသောအမှု၌ ကူညီ ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။