ရှင်လုကာခရစ်ဝင် 10:27
ထိုသူက၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ ၊ ဉာဏ် ရှိသမျှ နှင့် ချစ် လော့။ ကိုယ် နှင့် စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
26ကိုယ်တော်က၊ ပညတ္တိ ကျမ်း၌ အဘယ်သို့ လာ သနည်း။ သင်သည်အဘယ်သို့ ဘတ် သနည်း ဟု မေး တော်မူလျှင် ၊
28ကိုယ်တော်ကလည်း ၊ သင်၏စကား သည် မှန် ပေ၏။ ထိုသို့ ပြု လျှင် အသက် ကိုရမည် ဟု မိန့် တော်မူ၏။
Read all of ရှင်လုကာခရစ်ဝင် 10
Cross References
Deuteronomy 6:5သင် ၏ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။
Deuteronomy 30:6သင် သည် အသက်ရှင် မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် စေခြင်းငှာ ၊ သင့် နှလုံး နှင့် သင့် အမျိုး ၏ နှလုံး အရေဖျား ကို လှီးဖြတ်တော်မူလိမ့်မည်။
Matthew 22:37ယေရှု က၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံးအကြွင်းမဲ့ ဉာဏ် ရှိသမျှ နှင့် ချစ် လော့၊
Mark 12:33ထို ဘုရားသခင် မှတပါး အခြား သောဘုရားသခင်မ ရှိ ။ ထို ဘုရားသခင် ကို စိတ် နှလုံးအကြွင်းမဲ့ ၊ ဉာဏ် ရှိသမျှ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် ခြင်း၊ ကိုယ် နှင့်စပ်ဆိုင်သောသူကိုလည်း ၊ ကိုယ် နှင့်အမျှ ချစ် ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင် မှစ၍ ယဇ်အမျိုးမျိုး တို့ကို ပူဇော် ခြင်းအကျင့်ထက် သာ၍မြတ်ပါသည်ဟု လျှောက် လေ၏။
Galatians 5:13ညီအစ်ကို တို့၊ သင် တို့သည်လွှတ် ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်းဇာတိ ပကတိအား အခွင့် ကိုပေး၍၊ ထိုလွှတ် ခြင်းကို မ သုံးကြနှင့်။ အချင်းချင်း ချစ် ၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။
James 2:8ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟု ကျမ်းစာ ၌ ပါသော ရွှေ ပညတ် တော်ကို သင်တို့သည် စောင့်ရှောက် လျှင် ၊ ကောင်း သောအကျင့်ကို ကျင့် ရာသို့ရောက်ကြ၏။