ရှင်လုကာခရစ်ဝင် 11:24
ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌ လည် ၍ ငြိမ်သက် ခြင်းကို ရှာ တတ်၏။ မ တွေ့ လျှင် ၊ ငါသည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၍ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
23ငါ့ ဘက်၌ မ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ မ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။
25ရောက် သောအခါ ၊ ထိုအိမ်သည် သုတ်သင် ပြင်ဆင် လျက်ရှိသည်ကို တွေ့ သော်၊
Read all of ရှင်လုကာခရစ်ဝင် 11
Cross References
Judges 6:37အကျွန်ုပ် သည် သိုး တကောင်၏အမွေးကို တလင်း ၌ ထား ပါမည်။ သိုးမွေး သည် နှင်း စို ၍ မြေ တပြင်လုံး သွေ့ခြောက် လျှင် ၊ မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို အကျွန်ုပ် အားဖြင့် ကယ်တင် တော်မူ မည်ကို အကျွန်ုပ်သိ ပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ် လေ၏။
Job 2:2ထာဝရဘုရား ကလည်း ၊ သင်သည် အဘယ် အရပ်က လာ သနည်းဟု စာတန် ကို မေး တော်မူလျှင်၊ စာတန် က၊ မြေကြီး ပေါ် မှာလှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက် လေ၏။
Proverbs 4:16သူတို့သည်သူတပါး၌ အပြစ် မ ပြုရလျှင် မ အိပ် တတ်။ တစုံတယောက်သော သူ ကိုမ လဲ စေလျှင် အိပ် ၍ မပျော်တတ်။
Isaiah 35:7တံလျှပ် သည် ရေကန် ဖြစ် လိမ့်မည်။ သွေ့ခြောက် သောမြေသည် စမ်း ရေတွင်း ဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာ နေရာ ၌ ကျူပင် နှင့် ဂမာပင် အစား ၊ မြက်ပင် ပေါက်လိမ့်မည်။
Isaiah 44:3အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။
Isaiah 57:20မတရား သောသူတို့ မူကား ၊ မ ငြိမ် နိုင် ဘဲ လှုပ်ရှား ၍၊ ရွှံ့ နှင့် အမှိုက် ကို ပက် သောပင်လယ် ရေနှင့် တူ ကြ ၏။