ရှင်လုကာခရစ်ဝင် 12:14
ကိုယ်တော်က အချင်းလူ ၊ အဘယ်သူ သည် သင် တို့အမှုကိုစီရင် ခွဲဝေ ပိုင်သောအခွင့်ကို ငါ့ အား အပ်ပေး သနည်း ဟု မေး တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
And he said unto him, Man, who made me a judge or a divider over you?
In Context
Read all of ရှင်လုကာခရစ်ဝင် 12
Cross References
Exodus 2:14ထိုသူက၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ် မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။ အဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကို သတ် လို သလောဟု ပြန်ဆို ၏။ ထိုအခါ မောရှေ သည် မိမိပြုသောအမှု ထင်ရှား ပြီဟု သိ ၍ ကြောက် လေ၏။
Luke 5:20ကိုယ်တော်သည် ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် ၊ လူနာအား၊ အချင်းလူ ၊ သင် ၏အပြစ် ကို လွတ် စေပြီ ဟု မိန့် တော်မူ၏။
John 6:15ထိုသူတို့သည် ကိုယ်တော် ကို ရှင်ဘုရင် အရာ၌ ချီးမြှောက် ခြင်းငှာ လာ ၍ အနိုင် အထက်ပြုကြမည် အကြောင်း ကို ယေရှု သည်သိ တော်မူလျှင်၊ တောင် ပေါ်သို့ တစ်ယောက်တည်း ကြွ တော်မူပြန် ၏။
John 18:35ပိလတ် မင်းက၊ ငါ သည်ယုဒ လူဖြစ် သလော။ သင် ၏လူမျိုး နှင့်တကွ ယဇ်ပုရောဟိတ် အကြီးတို့သည် သင့် ကိုငါ ၌အပ် ကြပြီ။ သင်သည် အဘယ်သို့ ပြု မိသနည်းဟုမေး လျှင်၊
Romans 2:3ထိုသို့သောအမှုကိုကိုယ်တိုင် ပြု လျက် ပင်၊ သူတစ်ပါးပြု သည်ကို စစ်ကြော စီရင်သောသူ ၊ သင် သည် ဘုရားသခင် စီရင် တော်မူခြင်းနှင့် လွတ် မည်ဟု ထင်မှတ် သလော။