ရှင်လုကာခရစ်ဝင် 13:19
လူ သည် ယူ ၍ ဥယျာဉ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။ ထို အစေ့သည် ကြီးပွား ၍ အပင် ကြီးဖြစ် ၏။ မိုဃ်း ကောင်းကင်ငှက် တို့သည်လည်း အကိုင်းအခက် တို့၌ နားနေ မှီခိုကြသည် ဟုမိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
20တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။
Read all of ရှင်လုကာခရစ်ဝင် 13
Cross References
Song of Solomon 4:12ငါ့ နှမ ၊ ငါ့ခင်ပွန်း သည် ဝင်း ကာသောဥယျာဉ် ၊ ပိတ် ထားသော ရေကန် ၊ တံဆိပ် ခတ်သော ရေတွင်း ဖြစ်ပေ၏။
Song of Solomon 6:2ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်၌ သစ်သီးကို စား ၍ ၊ နှင်းပွင့် ကို ဆွတ်ယူ မည်ဟု၊ ဥယျာဉ် တော်တွင် နံ့သာ တော သို့ ဆင်း သွားတော်မူပေ၏။
Isaiah 2:2နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော်တည်သောတောင် သည် တောင် ကြီး တောင် ငယ် တို့၏ ထိပ်ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်း သောလူမျိုး တို့သည် ထိုတောင် သို့ စည်းဝေး ကြလိမ့်မည်။
Isaiah 49:20သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန် သော သား တို့က၊ နေရာ မ လောက်ပါ။ နေ စရာ အရပ်ကိုပေး ပါ ဟု သင့် အား တောင်း ကြလေဦးမည်။
Isaiah 53:1ငါ တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ သနည်း။ ထာဝရဘုရား ၏ လက် တော် သည် အဘယ် သူအား ထင်ရှား တော်မူသနည်း။
Isaiah 58:11ထာဝရဘုရား သည် သင့် ကို အစဉ် ပဲ့ပြင် တော်မူ မည်။ အစာခေါင်းပါး သည် ကာလ၌ ဝ စွာ ကျွေး၍ ၊ သင် ၏အရိုး တို့ကို ခိုင်ခံ့ စေတော်မူမည်။ သင်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ၎င်း၊ ရေ မ ပြတ် နိုင်သော စမ်း ရေ တွင်းကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။