ရှင်လုကာခရစ်ဝင် 15:19
ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊
1835 Judson Burmese Bible
In The King James Version
And am no more worthy to be called thy son: make me as one of thy hired servants.
In Context
18ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှား ပါပြီ။
Read all of ရှင်လုကာခရစ်ဝင် 15
Cross References
Joshua 9:24သူတို့ကလည်း၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့်၊ ဤအမှုကို ပြုပါပြီ။
Psalms 84:10တန်တိုင်းတော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသော အရက်တထောင်ထက် သာ၍ ကောင်းပါ၏။ မတရားသော သူ၏နေရာ၌ နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော် ၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။
Luke 5:8ရှိမုန် ပေတရုသ်မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကိုဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသော သူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။
1 Corinthians 15:9ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။
James 4:8ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသာသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။