ရှင်လုကာခရစ်ဝင် 18:11
ဖာရိရှဲ သည် တစ်ယောက်တည်းရပ် လျက်၊ အိုဘုရားသခင် ၊ သူ တစ်ပါး တို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့် ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌မ ရှိသည်သာမက ၊ ဤ အခွန်ခံ ကဲ့သို့ ပင် မ ဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 18
Cross References
Psalms 135:2ထာဝရဘုရား ၏ အိမ် တော်၊ ငါ တို့ ဘုရား သခင် ၏ အိမ် တော်တန်တိုင်း တွင် အမှု စောင့်သော ထာဝရဘုရား ၏ ကျွန် တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
Isaiah 58:2သူတို့သည် တရား ကျင့် သောအမျိုး၊ မိမိ ဘုရား သခင်၏ပညတ် တို့ကို မ စွန့် သောအမျိုး ကဲ့သို့ ၊ နေ့ တိုင်း ငါ့ ကိုရှာ ၍ ငါ ၏တရားလမ်း ၌ မွေ့လျော် ကြသည်တကား။ ဖြောင့်မတ် စွာ တရား စီရင်ချက်တို့ကို ငါ့ ထံမှာအစဉ် မေးမြန်း ၍၊ ဘုရား သခင့်ထံသို့ချဉ်းကပ် ရာ၌ မွေ့လျော် ကြသည်တကား။
Jeremiah 2:28ကိုယ် အဘို့ သင် လုပ် သော ဘုရား တို့သည် အဘယ် မှာရှိကြသနည်း။ အမှု ရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင် ထ ၍ ကယ် ကြပါလေစေ။ အိုယုဒ ပြည်၊ သင် သည် မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။
Ezekiel 33:31ငါ၏လူ ကဲ့သို့ သင့် ထံသို့ လာ ၍ ၊ ငါ ၏လူ ကဲ့သို့သင့် ရှေ့မှာ ထိုင် လျက် ၊ သင် ၏စကား ကိုကြား သော်လည်း ၊ နား မ ထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ် သော လက္ခဏာကို နှုတ် နှင့် ပြ သော်လည်း၊ စိတ်နှလုံး မူကား လောကီ ဥစ္စာကိုစွဲလမ်း လျက်ရှိ၏။
Matthew 3:7ဖာရိရှဲ နှင့် ဇဒ္ဒုကဲ အများ တို့သည် ဗတ္တိဇံ ကို ခံအံ့သောငှာ လာ ကြသည်ကို ယောဟန် သည်မြင် လျှင် ၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောသေဒဏ် မှ ပြေးသွား စိမ့်သောငှာ၊ အဘယ်သူ သည် သင် တို့ကိုသတိပေး ဘိသနည်း။
Matthew 19:18အဘယ် ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက် ပြန်သော် ၊ လူအသက်ကိုမ သတ် နှင့်။ သူ့ မယားကို မ ပြစ်မှားနှင့်။ သူ့ဥစ္စာကို မ ခိုး နှင့်။ မမှန် သောသက်သေကို မ ခံနှင့်။