ရှင်လုကာခရစ်ဝင် 2:14
ကောင်းကင် ဘဝဂ်ဝယ် ဘုရားသခင် သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီး ပေါ်၌ ငြိမ်သက် ခြင်းရှိစေသတည်း။ လူ တို့အား မေတ္တာ ကရုဏာရှိစေသတည်းဟုဘုရားသခင် ကို ချီးမွမ်း ၍မြွက်ဆို ကြ၏။
မြန်မာကျမ်းစာ
In The King James Version
Glory to God in the highest, and on earth peace, good will toward men.
In Context
13ထို ကောင်းကင်တမန် နှင့်အတူ ကောင်းကင် ဗိုလ်ခြေ အများ တို့သည် ချက်ခြင်း ထင်ရှား ၍ ၊
Cross References
Psalms 69:34ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ တို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သော သတ္တဝါ အပေါင်း တို့သည် ဘုရား သခင်ကို ချီးမွမ်း ကြပါစေသော။
Psalms 96:11ကောင်းကင် သည် ဝမ်းမြောက် ခြင်းရှိစေ။ မြေကြီး သည်လည်း ရွှင်လန်း ခြင်းရှိစေ။ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကိုပြုစေ။
Isaiah 44:23အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။
Isaiah 57:19ငါသည် နှုတ်ခမ်း အသီး ကို ဖန်ဆင်း ၏။ ဝေး သောသူ၌ ၎င်း၊ နီး သောသူ၌ ၎င်း ငြိမ်သက် ခြင်းဖြစ်စေ၊ ငြိမ်သက် ခြင်းဖြစ်စေ၊ သူ ၏အနာ ကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Micah 5:5အာရှုရိ လူသည် ငါ တို့ပြည် သို့ လာ ၍ ၊ ငါ တို့ ဘုံ ဗိမာန်များကို နင်း သောအခါ ၊ သိုးထိန်း ခုနစ် ပါးနှင့် လူကြီး ရှစ် ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း ၍ ၊
Matthew 21:9ရှေ့ နောက် လိုက်သွားသော အခြံအရံ များတို့က ဒါဝိဒ် ၏သား တော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသောသူ သည်မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် ကြ၏။