ရှင်လုကာခရစ်ဝင် 2:41
မိဘ တို့သည် နှစ် တိုင်း အစဉ်ပသခါ ပွဲ ခံချိန်ရောက်လျှင် ၊ ယေရုရှလင် မြို့သို့ သွား ကြ၏။
မြန်မာကျမ်းစာ
In The King James Version
Now his parents went to Jerusalem every year at the feast of the passover.
In Context
42ယေရှုသည် တစ်ဆယ့်နှစ် နှစ် ရှိသောအခါ ပသခါ ပွဲ ထုံးစံ အတိုင်း ယေရုရှလင်မြို့သို့တက် ကြ၍၊
Cross References
Exodus 12:14ဤ နေ့ရက် သည်လည်း သင် တို့အောက်မေ့ စရာဘို့ ဖြစ် ၍ ၊ သင် တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရား အား ပွဲခံ ရကြမည်။ ပညတ် တော်ရှိသည်ဖြစ်၍ ၊ ထိုပွဲ ကို အစဉ် အမြဲခံရကြမည်။
Exodus 34:23သင် တို့အမျိုးသား ယောက်ျားအပေါင်း တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသောထာဝရ အရှင်ဘုရား သခင့် ရှေ့ တော်၌ တနှစ် လျှင် သုံး ကြိမ် မျက်နှာပြ ရကြမည်။
Numbers 28:16ပဌမ လ တဆယ် လေး ရက် နေ့၌ ၊ ထာဝရဘုရား ၏ ပသခါ ပွဲဖြစ်၏။
Deuteronomy 12:11နာမ တော်ကို တည် စေဘို့ရာ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ရှိ ရမည်။ ထို အရပ်သို့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် တို့မီးရှို့ ရာယဇ် အစ ရှိသောယဇ် များ၊ ဆယ်ဘို့ တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ၊ ထာဝရဘုရား အား ဂတိ ရှိသည်အတိုင်း ၊ မြတ် သော ပူဇော်သက္ကာတို့ကို ဆောင် ခဲ့ရကြမည်။
Deuteronomy 16:1သင် ၏ဘုရားသခင် ထာဝရဘုရား သည် အဗိဗလ ၊ ညဉ့် အခါ၌ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောကြောင့် ၊ အဗိဗလ ကို မှတ် ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံ လော့။
1 Samuel 1:3ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကို ကိုးကွယ် ၍ ယဇ် ပူဇော်ခြင်းငှါ ၊ မိမိ နေရာ မြို့ မှ ရှိလော မြို့သို့ နှစ် တိုင်းသွား မြဲရှိ၏။ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် သည် ရှိလောမြို့၌ နေသတည်း။