ရှင်လုကာခရစ်ဝင် 2:44
အပေါင်းအဘော် စုထဲမှာ သူငယ် ပါ သည်ဟု စိတ်ထင် နှင့် တစ်နေ့ ခရီး သွား မိလျှင် ၊ အဆွေအမျိုး အသိအကျွမ်း တို့တွင် ရှာ ၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
45မ တွေ့ သောအခါ ယေရုရှလင် မြို့သို့ ပြန် ၍ရှာ ကြ၏။
Cross References
Psalms 42:4ထို အခြင်းအရာကို ငါအောက်မေ့ ၍ နေစဉ်တွင်၊ ငါ့ စိတ် နှလုံးသည် ကြေကွဲ လျက်ရှိ၏။ အကြောင်း မူကား၊ ငါသည်လူစု များနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်း ခြင်း အသံ ၊ ထောမနာ ပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲ ခံ သောလူစု များနှင့်အတူ ဘုရား သခင်၏ အိမ် တော်သို့ ဖြည်းညှင်း စွာ သွား လှလေပြီ။
Isaiah 2:3များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။