ရှင်လုကာခရစ်ဝင် 20:10
ကာလ အချိန်တန်လျှင် ၊ လုပ်ဆောင် သောသူတို့သည် စပျစ် သီး အချို့ကို ပေး စေခြင်းငှာ ဥယျာဉ်ရှင်သည် သား ငယ်ကို စေလွှတ် လေ၏။ ဥယျာဉ်စောင့် တို့သည် ငယ်သား ကိုရိုက် ၍ လက်ချည်း လွှတ် လိုက်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Judges 6:8ထာဝရဘုရား သည် ပရောဖက် တယောက် ကို ဣသရေလ အမျိုးသားတို့ထံ သို့စေလွှတ် တော်မူ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ သင် တို့ကို ငါနှုတ် ဆောင်ပြီ။
2 Kings 17:13သို့ရာတွင် ထာဝရဘုရား က အဓမ္မ လမ်း တို့ကို ရှောင် ကြလော့။ ငါသည် သင် တို့ဘိုးဘေး တို့၌ ထား သော တရား ၊ ငါ့ ကျွန် ပရောဖက် တို့ဖြင့် ပေး လိုက်သောတရား ကို အကုန် အစင်ကျင့်၍၊ ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ကြလော့ဟု ပရောဖက် များနှင့် အနာဂတ် ဟော ဆရာများတို့ ဖြင့် ဣသရေလ အမျိုး၊ ယုဒ အမျိုး၌ သက်သေခံ တော်မူသော်လည်း၊”
2 Chronicles 16:10ထိုသို့ဆိုသောကြောင့် ၊ အာသ သည် ပရောဖက် ကို အမျက် ထွက်၍ ထောင် ထဲမှာ လှောင် ထား၏။ ထို ကာလ ၌ ပြည်သူ ပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
2 Chronicles 36:15ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့် ၊ စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
Nehemiah 9:30နှစ် ပေါင်းများစွာ သူ တို့ကို သည်းခံ ၍ ၊ ကိုယ်တော် ၏ ပရောဖက် တို့၌ ရှိသောကိုယ်တော် ၏ ဝိညာဉ် အားဖြင့် ဆုံးမ တော်မူသော်လည်း သူတို့သည် နား မ ထောင်သောကြောင့် ၊ ဤပြည်သူ ပြည်သားတို့လက် သို့ အပ် တော်မူ၏။
Jeremiah 2:30ငါသည်သင် တို့သား များကို အချည်းနှီး ဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမ ခြင်းကို မ ခံ ကြ။ သင် တို့၏ ထား သည် လုယူဖျက်ဆီး တတ်သော ခြင်္သေ့ ကဲ့သို့ ၊ သင် တို့၏ ပရောဖက် များကို ဖျက်ဆီး လေပြီ။